အချိန်တွေကို မီးရှို့ပြာချပြီး
အရည်ပျော်ကျ သွားတဲ့ နှင်းပွင့်တွေကို
တစ်ဖတ်ခြင်း လိုက်ကောင်ရင်း
သစ်ရွက်ခြောက် တွေကြားမှာ
မြှုပ်နှံ သင်္ဂြိုဟ်လိုက်ပြီ…
သာယာလှပပြီး
တိမ်ကင်စင်တဲ့ အပြာရောင်ကောင်းကင်မှာ
ဒေါသ မျက်ဝန်း နဲ့ကြည့်နေတဲ့
နေမင်းကြီး ရင်ထဲမှာ မီးလေင်နေတယ်….
E=mc (square ) ကို လိုက်နာ နေတဲ့သူကို
သနားသလို ကြည့်လိုက်စဉ်…
သနား စရာလူတွေလို ကိုစဉ်းစားရင်း..
အလွမ်း ၊အဆွေး တွေကို
အရွဲ့တိုက် ခဲ့တဲ့ ငါ…..
အဆုံးမဲ့ ခြေလှမ်း တွေကို
စတင်လိမ့်မယ် မထင်မိဘူး…
ဒီအချိန်ဟာ
တယောသံချွဲချွဲ နွဲ့နွဲ့ ထွက်မလာ
ဂစ်တာ သံပြင်းပြင်း တစ်ချက်နဲ့
စင်ငယ် တစ်ခုထက်မှာ….
ဆူညံစွာ ကခုန်နေတဲ့
မီးဖိနပ် နှင့် Venus
Phoenix ကိုတောင် ဖမ်းယူပြီး
လှောင်အိမ်ထဲ ထည့်နိုင်တဲ့
Aphrodite ရဲ့ လက်တွေက
နူးညံ့ ပါ့မလား လေ………
Subscribe to:
Post Comments (Atom)
No comments:
Post a Comment