အေးမြသာယာ ညချမ်းမှာ
လမင်းမျက်နှာ ငေးမောရင်း
ဝင်းပနေတဲ့ လရောင်အောက်
ငါပြားပြားမောက် ဒူးထောက်ခဲ့ပြီး
လမင်းလေးရယ်။
သန့်စင်အေးမြတဲ့ လေညင်းလေးပေးနိုင်ပေမယ့်
လပြည့်လကွယ် လဆန်းလဆုတ်နဲ့
ဗျာများနေခဲ့ ရင်နာစရာ
မင်းမာယာကို ငါအပြစ်မမြင်ရက်ပါဘူး
သိမ်းထားချင်ပေမယ့် စိမ်းကားစွန့်ခွာ
ရင်နာစရာ ငါဝေဒနာကို
မင်းစာနာစရာ မလိုပါဘူး။
စိမ်းကားတာ မဟုတ်ပါဘူး
တိမ်းပါတော့မယ့် ငါ့အနာဂါတ်က
မင်းခြေလမ်းကို နှောက်နှေးစေမှာစိုးလို့ပါ။
သွားစမ်းလို့စေရင် ငါမနေပါဘူး
ကြွေစမ်းလိုစေရင် ငါမဝေပါဘူး
အချိန်တန်ရင် အလင်းရောင်ထွန်းပေးတဲံ့
မင်းကိုပဲ ကျေးဇူးတင်၇တော့မှာပေါ
လမင်းလေးရယ်နော်..။
မာယာများတယ်လို့ ငါမစွပ်စွဲချင်တော့ပါဘူး
ချစ်မိခဲ့တဲ့ ငါ့နှလုံးသားကိုသာ
ငါအပြစ်ပေးရတော့မှာပါ လမင်းလေးရာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment