Tuesday, January 19, 2010

သူ........................

သူ .............
ချဉ်းကပ်ပုံကသေသပ်
လှပတဲ့ ကကြိုး
ငါ့ ရင်ကို ပုတ်ခါနှိုးတော့
ရင်ခုန်မှု တစ်ခု ဖြစ်လို့သွားပေါ့။
သူ .............
မုသားကင်းမဲ့တဲ့ စကားတွေနဲ့
ငါ့ ရင်ကို ရိုက်ကာသွင်းတော့
လှုပ်ရှားနေတဲ့ သဏ္ဍာန်ပြောင်းကာသွားလို့
သံယောဇဉ်တစ်ခု ဖြစ်လို့သွားပေါ့။
သူ .............
ငါ့ အိပ်လေတိုင်း
ကိုယ်စားလေးတွေ လွှတ်ကာထားတော့
အိပ်မက်လေးတွေ လှကာသွားပေါ့။
သူ .............
ကောင်ကင်က ကြယ်တာယာ
ကြွေဆင်းကာမြင်တဲ့ အခိုက်မှာ
ဆုတောင်းလေးတွေ ပြုကာနေတော့
တောင်းတဲ့ ဆုတွေ ပြည့်ကာသွားပေါ့။
သူ .............
စကားပြောပြီးတိုင်း
အတွေးလှိုင်းတွေ ထားကာသွားတော့
ငါ့ရဲ့ စိတ်အစဉ်
ညွတ်ကွင်းထဲ မရုန်းဖယ်နိင်တာ
သေချာဆုံးပေါ့။
သူ .............
တစ်ခုတော့ဝန်ခံ ပြောလိုပါရဲ့
ငါ့ရဲ့ စိတ်တွေ ညွတ်ပြောင်းကာ
အတွေးလှိုင်းမှာ အစဉ်သာ ၀င်ရောက်နေတာ
သူ တစ်ယောက်တည်းသာပါ။

No comments:

Post a Comment