Thursday, January 21, 2010

" အသည်းကွဲ စက္ကူ "

ငါ က

(ဒုက္ခလှလှလေးနဲ့ ရေးထားတဲ့)

ကဗျာတစ်ပုဒ်ဖြစ်ချင်ခဲ့တဲ့

စက္ကူတစ်ရွက်ပါ။

(တစ်ဦးတစ်ယောက်ရဲ့)

လက်ဖဝါးလှလှလေးကသာ

ငါ့ကို ........ လေယာဉ်ပျံလုပ်ပြီး

လွှင့်မပစ်ခဲ့ရင်ပေါ့ ............................................................................


နင်ကြိုက်တဲ့

ရောင်စုံစက္ကူတစ်ရွက်မှ

ငါက ဖြစ်မလာတာ

အရုပ်လှလှလေးတွေလည်းမပါဘူး

အရောင်ဗလာနဲ့ မီးထဲရေထဲ

တိမ်တွေကိုမည်းမှောင်ပစ်လိုက်ရင်း

ညနေရဲ့အမှောင်ကို ပျစ်စေးစေလိုက်ရင်း

မြေနီလမ်းလေးကို စိုထိုင်းစေလိုက်ရင်း

လျှပ်စီးတန်းတွေကို ကွေးကိုင်းစေလိုက်ရင်း

မုတ်သုံကို ရင်ဘတ်ထဲဆွဲသွင်းထားလိုက်ရပြီး

အဲဒီညနေဟာ

သက်ဆိုင်ရာသို့အကြောင်းမကြားလိုက်ရဘဲ

အသံတွေတဖြည်းဖြည်း တိမ် တိမ်သွားတယ်..................................


တတ်ပဲတတ်နိုင်လွန်းလှချည်ရဲ့

တစ်ဝက်တစ်ခြမ်း စုတ်ဖြဲခဲ့ပြီးမှ

နယ်နမိတ်ချင်း ပြန်လည်ထိစပ်ချင်ပါသတဲ့လား .............................

စေလိုရာကို စေပါတော့ .. မှော်လေးရေ

ငါဟာ … အပိုင်းပိုင်းပြတ်နေတဲ့

မင်းရဲ့ လိုရာသုံး စက္ကူစုတ်လေးတစ်ရွက်မို့ပါပဲ ကွယ်......................


တစ်ခြမ်းစီ ကွဲကြေသွားပြီဆိုမှ

ပိုင်းခြားလိုက်ကြတာ မဟုတ်ဘူး

. . . . မဆုတ်မဖြဲ ပြဲ သွား ခဲ့ တဲ့ စ က္ကူ လေး မှာ

နင် နဲ့ ငါ

တစ် ခြမ်း စီ ပါ သွား ခဲ့ တယ်..............................


အရောင်မရှိ အနံ့မရှိ

ဘာဖြစ်တည်မှုတစ်ခုတစ်လေမပါဝင်ခဲ့တဲ့

စာရွက်တစ်ရွက် ပါ

ဒါကိုများ ၀ိုင်းသမုတ်လိုက်ကြပါသေးတယ်

အသည်းကွဲ စက္ကူ တဲ့..............................................


စက္ကူတစ်ရွက်ရဲ့ တန်ဖိုးကို

အဲဒီစက္ကူအပေါ်မှာရှိတဲ့ ပုံရိပ်တွေနဲ့ ဖြတ်တယ်...

တကယ်လို့ ငါက စက္ကူတစ်ရွက်ဆိုရင်

ငါ့တန်ဖိုးကို ဘယ်လိုဖြတ်ကြမလဲ...

ငါ့ အ ပေါ် မှာ နင့်ပုံရိပ်တွေချည်း ရှိနေတယ်....................................

ဘယ်သူကရေးလို့ ဘယ်သူကဖျက်လည်း

လက်နဲ့ ရေးပြီး ခြေနဲ့ ဖျက် ခြေနဲ့ ရေးပြီး လက်နဲ့ ဖျက်

(အမှားတွေကင်းအောင်လို့ တဲ့ လားကွယ်)

ဘာမှမကျန်ခဲ့ ဘူးဆိုပေမယ့်

စက္ကူဘယ်လောက်ကောင်းကောင်း ခဲဖျက်နဲ့  ခဏခဏဖျက်မိတဲ့ အခါ

စုတ်ပြဲသွားတတ်တာပဲ .........................................................................



ရိုးသားစွာ ရက်စက်တဲ့လက်ရေးလှလှလေးကြောင့်

အသည်းကွဲ သွားတဲ့ စက္ကူချပ်လေးထဲ

(မောင်)

လောင်ကျွမ်းခဲ့ရတယ် ................................................................................................................... ၊၊ ၊၊

No comments:

Post a Comment