မိုးကောင်းကင်ကို အမိုးလုပ်
မြေကြီးကိုကြမ်းခင်းပြီး
ထင်ထင်ပေါ်ပေါ်နေနိုင်တဲ့
ငါလိုလူကို ပတ်ဝန်းကျင်က
ခြေသလုံးအိမ်တိုင်တဲ့
ထမင်းဟင်းကိုငါကိုယ်တိုင်
ချက်စရာမလိုတဲ့ဘ၀မှာ
ငါသာလျှင်ဘုရင်ပါဘဲ
ဒါကိုလူအများကမေးငေါ့ပြီး
ဟန်ဆောင်မှုတွေနဲ့
စိတ်ပူတယ်ဆိုလားဘဲလေ
အင်း........
ပြောလိုက်ချင်တယ်
စိတ်ပူတယ်ဆိုရင် ပူတဲ့စိတ်ကလေး
အေးသွားအောင် ရေခဲတိုက်ထဲခဏထည့်ကြည့်ပါလား
အဲ့ကျမှ...
နားလည်လိမ့်မယ်
မသေခင်ပစ္စည်းဥစ္စာ
တွယ်တာနေသမျှ
အသက်ထွက်ရင်
ယူလာလို့မရတာကိုသိသွားလိမ့်မယ်
ဒါမှ
ဘာမှမရှိတဲ့ ငါ့ဘ၀ကို
အားကျလာကြမှာ ဟားဟား...........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment