Saturday, January 16, 2010

မြင်ချင်တယ်

ကောင်းကင်ပေါ်မှာ လှပတဲ့ လမင်း
ဝိုင်းစက်စွာ ထွန်းလင်းနေပြီ။

ဘေးနားမှာက ကြယ်လေးတွေနဲ့ပေါ့
လှပတဲ့ လမင်း မြင်တွေ့ချင်လို့
ငါ ရှာနေတယ် မင်းဘယ်မှာလဲ
မမြင်ဘူး။

ကြယ်တွေထဲက ဓူဝံကြယ်ကို တွေ့ချင်လို့
ပထမဦးစွာ ဓူဝံကြယ် ရှာမိတယ်
မတွေ့သေးဘူး။

ညသန်းခေါင်တောင် ကျော်ခဲ့ပါပြီ
ခုနှစ်စင်ကြယ်နဲ့ ဓူဝံရယ်
မင်းတို့ ဘယ်မှာများလဲ။

လေအရှေ့ မှာ သင်းပျံ့ တဲ့ ညမွှေးပန်းအနံ့ရတယ်
ဘယ်မှာများလဲ မမြင်ခဲ့ဘူး။

ကောင်းကင်နဲ့ ပန်းရနံ့သင်းပျံ့ သလောက်
မြေပြင်ကတော့ ကြမ်းတယ်။

ဆူးညှောင့် ခလုတ်တွေ ကြားမှာ
ငါ့ခြေတွေ သွေးအလိမ်းလိမ်းနဲ့
စုတ်ပြတ်နေပြီ။

ငါ့ခြေတွေ ဒဏ်ရာရတဲ့
ဆူးညှောင့်ခလုတ်တွေကို မြင်ချင်တယ်
ဒါပေမယ့် ငါ့မျက်လုံး
အလင်းမရတာ ကြာခဲ့ပါပြီ။

No comments:

Post a Comment