ကောင်းကင်ရေ.......
မင်းဖြန့်ကျက်ထားတဲ့ ၀တ်ရုံလွာရဲ့
အသေးငယ်ဆုံးသော ထောင့်တနေရာမှာ
ငါမှီတွယ်ခွင့် ရခဲ့ရင်တောင်
ချစ်သူပုံရိပ်
ငါ အမြဲ မြင်တွေ့ခွင့်ရမှာနော်......။
လေညှင်းရေ.....
နူးညံ့စွာ တိုက်ခတ်နေတဲ့
မင်ရဲ့အဟုန်မှာ
ငါ စီးမျှောခွင့်ရခဲ့ရင်တောင်
ချစ်သူဆံနွယ်တွေ
ငါနမ်းရှိက်ခွင့်ရမှာနော်...........။
ဂစ်တာလေးရေ.........
ငါလဲလေ မင်းလိုသာ
သံစဉ်တွေ ဖန်ဆင်းနိုင်ရင်
ချစ်သူရင်ခွင်မှာ
ငါ မှေးစက်ခွင့်ရမှာနော်.......။
အဓိပ္ပါယ်မဲ့တဲ့ အတွေးတွေနဲ့ အတူ
ငါလေ..........
မင်းကိုလွမ်းနေမိတရ်........။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment