Saturday, January 16, 2010

ကမ္ဘာပျက်နေ့

ငါ့ရဲ့ကမ္ဘာပြတ်သောနေ့ ကို..
ကိုပေးခဲ့တဲ့အပြစ်ဒဏ်ကဒါလား
ပျော်ရွှင်မှုတွေပျောက်ဆုံး
တဘ၀လုံးခြောက်ကပ်သွားအောင်
လုပ်ရက်လေတယ်ကိုရယ်
တကယ်ဆို...
ရင်ထဲကိုမြင်အောင်ကြည့်ပါလားကို
ထင်မြင်ချက်တွေနဲ့
နှုတ်မဆက်ဘဲထွက်သွားခဲ့တာလား
မရက်စက်ချင်ပါနဲ့ကို..
ကြိုးတစ်ချောင်းပြတ်ရင်
နှစ်ဖက်စလုံးဒဏ်ရာနဲ့ပါ
ဘာမှမခံစားရဘူးလို့ထင်တာလား
ရင်ထဲကိုဝင်ကြည့်လိုက်ပါ
အတွင်းကြေဆိုတဲ့စကား
မှုန်ဝါးဝါးဖြစ်သွားလိမ့်မယ်....

No comments:

Post a Comment