Sunday, January 17, 2010

ဖြေသိမ့်အတွေး

မင်းမျက်ဝန်းအကြည့်တွေအောက်
ခဏခဏ ... ကျရှုံးသွားတဲ့
နှလုံးသားကို ....
မုန်းတယ်...။
မပိုင်ဆိုင်တာတွေ ... များတဲ့ဘ၀မှာ
အချစ်ကိုမမြည်းစမ်းသင့်မှန်း ... သိခဲ့လို့
အဝေးဆုံးကို
ပြေးထွက်ခဲ့တာပါ...။
ဒါကို ... မင်းနားလည်ပေးဖို့
မမျှော်လင့်ရဲခဲ့ပါဘူး
နာကျင်စွာနဲ့
မင်းမုန်းခဲ့ရင်လည်း
ကွဲအက်သွားတဲ့
နှလုံးသားတခုနဲ့ .....
ငါ ... ကျေနပ်နေမှာပါ...။

No comments:

Post a Comment