ဘ၀တစ်ခုအတွက် ရည်ရွယ်ပြီး
လေထဲမှာ တိုက်အိမ်ဆောက်လို့
မင်းပြောသမျှ ယုံစားခဲ့ . . .
သံသယတစ်ခုအကြောင်းပြုပြီး
ဖြေရှင်းခွင့်မပေးတဲ့
မင်းရဲ့ အတ္တ ...
အသစ်ရှာကာ အချစ်သစ်နဲ့
မင်းပျော်တဲ့အချိန်
ကျခဲ့ရတဲ့ ငါ့မျက်ရည်တွေ ...
အောက်ကျို့ခံကာ ရှင်းပြခဲ့တဲ့
မာနမဲ့တဲ့ ငါ့စကားလုံးတွေအတွက်
နောင်တတွေနဲ့
စိတ်နာတယ် ချစ်သူ .... ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment