Thursday, January 14, 2010

လူကြမ်းမရဲ့အလွမ်း

မမုန်းပဲနဲ့ပြုံးပြုံးလေးပြောခဲ့တာ
နင့်ကိုငါမချစ်ဘူးတဲ့လေ
သေချာရဲ့လား
ရင်ဘတ်ကြီးနဲ့ဖန်တီးထားတဲ့
ရိုမန်းတစ်ဇာတ်သိမ်းပိုင်းဟာ
ဒါရိုက်တာ တစ်ယောက်ကြောင့်
ပေါက်လွှတ်ပဲစားဆန်သွားခဲ့
မြန်မာ ပရိတ်သတ်တွေက
လူကြမ်းလွမ်းရင်ရယ်ရတယ်ပေါ့
ကောင်လေးရေ
မင်းငိုချလိုက်သင့်တယ်
အဲ့ဒါ အကယ်ဒမီရှော့ပ်ပဲ
အနည်းဆုံး'အတိတ်'ဆိုတဲ့
ဇာတ်ကား'အချိန်'ရုံမှာအောင်ပွဲ
ခံပါလိမ့်မယ်..
သြော်.......
အဲ့ဇာတ်လမ်းထဲက
လူကြမ်းငိုရင်းပြောတဲ့စကားတစ်ခွန်း
ငါအခုထိကြားနေရတယ်
ဘာတဲ့.........
ကဗျာတွေရေးတိုင်း
မင်းကိုလွမ်းနေမိတယ်ဆိုလားပဲ...........

No comments:

Post a Comment