Tuesday, January 19, 2010

ပြန်လည်နိုးထခြင်း

ငါတစ်ယောက်တည်း မင်းနဲ့အတူ လျှောက်ခဲ့တဲ့ နေရာတွေကို သွားကြည့်မိတိုင်း ငါ့ရဲ့ ဘယ်ဘက် ရင်အုံနေရာက တဆစ်ဆစ် နာကျင်တတ်နေပီ…ငါထင်ခဲ့တယ် မင်းနဲ့ ခွဲရရင် ငါရူးသွားနိုင်တယ်လို့လေ ဒါပေမယ့် ငါအခုထိတော့ ဘာမှ မဖြစ်ပါဘူး ဒါပေမယ့် ငါနင့်ကို ဘယ်လိုမှ မေ့လို့ မရတာတော့ ငါအတွက် အမှားတစ်ခု(ပြန်ပြင်လို့မရတဲ့) အမှားတစ်ခုကို ကျူးလွန်မိသလို ခံစားနေရတယ် ငါတကယ် မေ့လို့ မရနိုင်တာ ဘာလို့လဲလို့ ပြန်မေးကြည့်မိတော့ ငါ့ရင်ထဲ နွေးသွားလိုက်တာ …ငါရူးမသွားပေမယ့် ငါနေလို့ မပျော်တော့ဘူး မေ့လို့လည်း မရတော့ဘူး ငါမေ့နိုင်အောင် ဘယ်လို နည်းလမ်းတွေနဲ့ ငါဖြေရှင်းရမလဲ ဆိုတာတော့ ပြန်လာပြောလှည့်ပါနော်….ငါအသည်းမကွဲခဲ့ပါဘူး….သေချာတာကတော့
ငါချစ်တတ်သွားခဲ့တာပါ……ဒါပေမယ့် ငါကြိုးစားနေပါပြီ ဘ၀မှာ နေပျော်အောင်ပေါ့.

No comments:

Post a Comment