Tuesday, January 19, 2010

အချစ်မဟုတ်သော “အချစ်”

ငါ….မာယာများတဲ့ လောက လမ်းကျယ်ကြီးပေါ်မှာ
ငါ့နှလုံးသားတစ်စုံ ကျပျောက်ခဲ့တယ်…
မင်း…ခလုတ်တိုက်မိသွားတာလား…..
ငါ..မသိခဲ့ရပါဘူး….
မင်း…..မြတ်နိုးမှုကို အရောင်မဆိုးပဲ ငါ့နှလုံးသားကို သိမ်းဆည်းထားခဲ့တယ်..
မင်းနှလုံးသားနဲ့ တူတူပေါ့
ငါ…. မင်းကိုတွေ့တော့ ရင်မခုန်ခဲ့ပါဘူး…
ရုပ်ဝထ္ထု တက်မက်မှုနဲ့ ၀တ္တရားတွေ ကြားမှာ လုံးချာလိုက်ရင်း ငါအမောဖြေဖို့ ရင်ခွင်တစ်စုံပဲ ငါရှာခဲ့တာပါ..
ငါ့လိုအင်ဆန္ဒတွေ သစ်ရွက်ကြွေလို
တစ်စဆီ ပြန့်ကြဲသွားတဲ့ တစ်နေ့တော့
မင်းလိုက်ကောက်ရင်းနဲ့ နှစ်သိမ့်ပေးခဲ့တယ်..
ငါ….ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ အားအင်တွေ မရှိလောက်အောင် ဆွံ့အ သွားခဲ့တယ်……
မင်းဟာငါ့ရဲ့ ကောင်းကင်တစ်စင်းဖြစ်ခဲ့ပါတယ်……..
ငါဘယ်အချိန်ပဲ ကြည့်ကြည့် အမြဲရှိနေမယ့် ကောင်းကင်ကြီး အဖြစ်နဲ့ပေါ့ …

No comments:

Post a Comment