Friday, January 15, 2010

Don't break my heart

လေးညှို့ရှင်ရယ်
မင်းရဲ့မြားချက်
အစွမ်းထက်ကြောင်းပြချင်တာနဲ့ပဲ
ငါ့နှလုံးသားဗဟိုချက်ကို
ပစ်မှတ်အနေနဲ့ယူသုံးပါရစေတဲ့လား

အစမ်းသပ်ခံနှလုံးသား
စကားတစ်ခွန်းတော့ပြောခွင့်ပြုပါ
မင်းရဲ့မြားချက် အဆိပ်တော့မတက်လောက်ပါဘူးနော်

အကယ်၍များ
မတော်တဆအဆိပ်လူးမြားသင့်ခဲ့ရင်လဲ
အဆိပ်သင့် နှလုံးသား
ဒီအတိုင်းလေးပဲ ဖျားနေပါစေ
ကျေးဇူးပြုပြီး
Operation မ၀င်ပါနဲ့နော်..........
broken heart နဲ့တော့အသက်မဆက်ချင်ဘူး

No comments:

Post a Comment