Tuesday, January 19, 2010

ရင်ထဲက လစန္ဒ

ကောင်းကင်က မဟူရာ
လစန္ဒာ က ပုလဲ
ယှဉ်တွဲကာ မြင်နေခိုက်မှာတော့
လိုက်ဖက်သည်ပဲ
ညရောင်က ပိန်းပိတ်မှောင်
ရောင်စဉ်တွေ ငွေမင်ကြဲ
ကမ္ဘာမြေ မှောင်ခြေတိတ်မှာတော့
တိတ်တိတ်ဖြန့်ဝဲ
ချစ်သူက လစန္ဒာ
ညကမ္ဘာက ငါ့အသည်း
အိပ်မက်တွေ ချစ်ရည်ဖြန်းမှ
လန်းဆန်းသည်ပဲ။

No comments:

Post a Comment