မမျှော်လင့်တဲ့ နေ့တစ်ရက်
လျှပ်တပြက် ရောက်ရှိချိန်
ကိုယ့်ရင်တွေ ခုန်ခဲ့ပေါ့ .....
မင်းဆီက အကြည့်တစ်ချက်
လက်ခနဲ ရင်ကိုထိရှချိန်
အသက်ရှူဖို့တောင် မေ့ခဲ့ပေါ့ .....
မင်းဆီက စကားတစ်ခွန်း(မ)
အမှားအယွင်းလို့ဆိုရင်တောင်
မျက်စိမှိတ်လို့ ကိုယ်ယုံခဲ့ပေါ့ .........
ဖြူစင်တဲ့ ကိုယ့်နှလုံးသား
အမှားကြားက ရုန်းမထွက်နိုင်တော့
ခွင့်လွှတ်ရင်းပဲ ချစ်နေရုံပေါ့ ...........။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment