Sunday, January 3, 2010

လမ်း

လူသားလက်ပေါ်
ကျရောက်လာတဲ့အမှားတစ်ခုကို
ရင်ထဲဆွဲထည့်စွန်းထင်းနေဦးမှာလား

ဆင်ခြင်တုံတရားနဲ့
ခါခါချလာတဲ့လူ့ရာဇ၀င်
အတ္ထုပ္ပတ္တိဟောင်းတွေကိုဖြေကြည့်စမ်းပါ
အမည်းစက်နည်းနည်းနဲ့ဖြူစင်နေတာ
သာဓကတွေခိုင်မာပါတယ်

အမှန်တရားကိုမြတ်နိုးတတ်တဲ့
သစ္စာရှာဖွေသူများအကြောင်းရွက်တလွင့်လွင့်ရှိနေဆဲ

သင်္ကေတလွဲနေတဲ့သီချင်းတစ်ပုဒ်
အတ္တရင်ပြင်ပေါ်မှာ
ဘယ်လိုပဲတီးခတ်တီးခတ်
အနှစ်သာရတွေထွက်ကျမလာနိုင်ဘူး

အမှားကလေးတွေကြာရင်
အမှန်ဖြစ်လာမှာပဲလို့
အဲ့ဒီလိုမွေးမြူရင်မှားမယ်
အသီးဟာသစ်စေ့ခိုင်းတဲ့အတိုင်းဖြစ်လာရတာ

ဒီတော့
ဘ၀လမ်းပေါ်
ခြေလှမ်းစကတည်းက
ဆူးဘယ်နှစ်ချောင်းထောင်ထားသလဲကြည့်
အမှားတကာ့အမှားထဲမှာ
လမ်းမှားတာကြောက်စရာအကောင်းဆုံးပဲ

No comments:

Post a Comment