Thursday, January 14, 2010

ရွာလိုက်စမ်းပါကွာ

အချစ်ဆိုတာ ခရေစိတွင်းကျ
ခံစားလာခါမှ
အော် ..............
အချစ်ဆိုတာကိုနားလည်လာပြီ
ဆိုကာမှ
ကိုယ့်ရဲ့ အချစ်က
လက်နက်လွှတ်ပစ်ထွက်ပြေးရစ်ပြီ
လူတွေက မရှိတော့မှသိတယ်တဲ့
စိတ်ခံစားမှုရဲ့ အမြင့်ဆုံးဒီဂရီမှာ
ကျရှုံးမှုတွေကြောင့်
ခေါင်းငိုက်စိုက်ချပေမယ့်
မလိုအပ်ဘဲ လူကြားထဲ
ဟန်ဆောင်ပြုံးတွေနဲ့
ပြည့်လျှံလာတဲ့ မျက်ရည်စတွေ
လက်ဖမိုးမှာရွှဲနေပြီ
ကြိုက်သလောက်သာရွာတော့
အတားအဆီးမရှိပေါ့.................

No comments:

Post a Comment