Thursday, January 14, 2010

ငါ့ အလွမ်း




ချစ်သူ . . .

အမှတ်တရမဟုတ်တဲ့

အမှတ်တမဲ့နေ့လေး



အချစ်တစ်ခုနဲ့အတူထားရစ်ခဲ့ပါ

ငါ အလွမ်းတစ်ပုဒ်ကို

အစပြုချင်လို့



“ ချစ်သူ ” အိပ်မက်တစ်ခုကို

အပြုံးတစ်ပွင့်နှင့်ပုံရိပ်တွေအဖြစ်မွေးဖွားပေးခဲ့ပါ

ငါ့မျှော်လင့်ချက်တစ်ခုကို အထပ်ထပ်ဖက်တွယ်ရင်း

မင်းကိုလွမ်းတိုင်းကြည့်နေချင်လို



ချစ်

သူ

မင်းရင်ထဲက

သံစဉ်တစ်ပုဒ်လောက်မျှဝေခဲ့ပါ

ငါ့ရင်ထဲအထပ်ထပ်ရစ်ပြီး

အလွမ်းတွေနဲ့ပြည့်နှက်နေတဲ့နှလုံးသားကို

ချော့ သိပ် ချင် လို့



အချစ်ရယ် . . .

မယုံနိုင်လောက်အောင်

အချိန်တိုအတွင်းမှာရူးမိုက်စွာချစ်ခဲ့မိတဲ့ငါ

မင်းအရိပ်မင်းအသံတွေကို . . .

ပန်းနုရောင်အိပ်မက်ထဲမှာတမ်းတရင်း

ငါ . . . ကဗျာတွေကို ချစ်နေချင်လို့ ။



. . . ချစ်ဆုံးရေ . . .

လိုချင်တာများစွာနဲ့လွှဲခဲ့တဲ့ငါ့အတွက်

နှလုံးသားတစ်စုံတော့ . . . အပိုင်ပေးခဲ့ပါ



. . . ငါ . . .

အချစ်တစ်ခုကို

ယုံကြည်ခြင်းနဲ့ပိုင်ဆိုင်ချင်လို့



ချစ်သူ

ဝေးသင့်လို့

ဝေးခဲ့ကြရပြီပဲ



နီးစပ်ဖို့လည်းမကြိုးစားချင်ဘူး

ဒါပေမယ့်မင်းသောက်ခဲ့တဲ့ကော်ဖီတစ်ခွက်

မင်း ပြောခဲ့တဲ့ စကားတစ်ခွန်း

မင်း ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်

အခါခါလွမ်းရင်းမရေမတွက်နိုင်အောင်လွမ်းနေဦးမယ်

No comments:

Post a Comment