စကားလုံးလှလှလေးနဲ့အတူ
စက္ကူစုတ်တွေလေးတွေနဲ့ ..ငါ့ကို
ပစ်ပေါက်သွားတာလား..
ဒါတွေမင်းကိုယ်တိုင် ဖွဲနွဲံ့ထာတဲ့
စကားလုံးတွေပါ။
လေထဲမှာအောက်စီဂျင် အပြည့်ရှိနေပေမယ့်
အသက်ရှူလို့မ၀ဘူး....။
မင်းစကားလုံးရဲ့အထိုးအနက် အမှားတချို့ရဲ့
ဒဏ်ရာဒဏ်ချက်အပြင် ဘ၀ရဲ့လှံသွားတွေက
ကံအားနည်းတဲ့ ငါ့အနာဂါတ်ကို
ဝါးမျိုတော့မယ်ဆိုတာ မင်းမှမသိနိုင်တာနော်။
ဖောက်ပြန်တတ်တဲ့ ရာသီဥတုတွေနဲ့အတူ
မင်းစကားလုံးတွေကို အရည်ကျိုပြီး
ငါပျော်ပါးစွာသောက်သုံးချင်လိုက်တာ။
မင်းအတွက် အလိုအပ်ဆုံးဟာ
ငါမဟုတ်နေဘူးဆိုရင်...၊
ငါအလိုအပ်ဆုံးကတော့..
မင်း ကျေနပ်နေဖို့ တစ်ခုတည်းပါ
မင်း...ကျေနပ်တယ်မဟုတ်လား။
လွင့်ကနဲ့ မင်းပစ်ပေါက်လိုက်တဲ့
စက္ကူ စုတ်တွေနဲ့ အတူ
မင်း..မြားတစ်စင်းကြောင့်
ငါ့အနာဂါတ်ရဲ့ မျိုသိပ်ခြင်းကို
ထွင်းဖေါက် ကြေမွစေခဲ့တာ
မင်း..လေးမှမသိနိုင်တာနော်..။
ဒါပေမယ့်ကွယ် ..မင်း
ပစ်လိုက်တဲ့မြားတစ်စင်း ကိုတော့
ပြန်နုတ်ယူဖို့ မကြိုးစားပါနဲ့လို့
ငါ....တောင်းဆိုပါရစေ။
အဲ့ဒီမြားတံကို ကြည့်ပြီး
မင်ကို... သတိရပါရစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment