Thursday, January 14, 2010

အားငယ်သူ

သူငယ်ချင်းရေ
ထာဝရခွဲခွာရရတော့မယ်
ဆိုတာ
သိသိကြီးနဲ့
နှုတ်ဆက်ခဲ့တယ်လေ
အပြုံးတစက် ကို
လှစ်ဟ ပြခဲ့
ရင်ထဲက တိတ်တိတ်လေးနဲ့
ဝမ်းနည်းခဲ့တာ
သူငယ်ချင်းရေ
မင်းသိလေမလား
ဝေးရတော့မယ်ဆိုတာ
သိသိကြီးနဲ့
နှုတ်ဆက်ခဲ့ပါတယ်
မင်းနဲ့ ငါ
ဘ၀ တစ်ခု မှာ
ကွာဝေးရတော့မယ်လေ
ဒါပေမယ့်လည်း
နာကျင်စွာနဲ့ နှုတ်ဆက်လိုက်ပါတယ်လေ
တစ်ချိန်ချိန်မှာ
ပြန်တွေ့ကြယင်
အဖြူရောင်လေးနဲ့
ခေါ်စေချင်လိုက်တာ

No comments:

Post a Comment