Friday, January 8, 2010

ပန်းပုံပြင်





သခင် . . .
ပန်းတစ်ပွင့်ပွင့်တဲ့အခါ
ပင်ယံထက်မှာအမြဲဝင့်ကြွားနိုင်မယ်လို့
မျှော်လင့်မိတာပဲမဟုတ်လား
( ဘယ်ပန်းပွင့်မဆိုပေါ့ )



ဒါပေမယ့်လည်း
ကိုယ်မျှော်လင့်တဲ့သူကမခြွေ
ကိုယ်မကြွေချင်ချိန်မှာကြွေခဲ့ရပြန်ရော



ပန်း
ကြွေဘဝ
ရောက်တဲ့အခါ


မောင်စိန်ဝင်း ( ပုတီးကုန်း )ရဲ့
“အချစ်ဦး”ကဗျာထဲကလို
ဖွဖွကလေးကောက်လို့
ပန်းခြောက်ကလေးပဲမြတ်နိုးမယ် . . . ဆိုတဲ့


ချစ်တတ်သူတွေထဲမှာများမင်းပါခဲ့လေမလားလို့


ကိုယ်စောင့်နေရင်း မိုးတွေကလင်း
မနက်ခင်းတွေအများကြီးကြုံခဲ့ရတာ


မေ ရ တွ က် နို င် ေ တ ာ့ ဘူ း

No comments:

Post a Comment