Friday, January 8, 2010

ရှိနေခွင့်ပေးပါ...............

ကောင်လေး
ဘာကြောင့်များ ငါ့ရင်ကိုခွဲပြီး
အဝေးကိုထွက်သွားချင်ရတာလဲကွာ.....

ငါ့ရဲ့ဘ၀ဟာ မင်းကို
အေးချမ်းစွာမထားနိုင်ပေမယ့်
ငါရဲ့ အချစ်တွေနဲ့ မင်းကို
နွေးထွေးအောင် ထားနိုင်ပါတယ်ကွာ.....

ကောင်လေး
မင်း ငါ့ကို ပြန်မချစ်နိုင်ရင်တောင်
မင်း ကို မချစ်ပါနဲ့လို့တော့ မပြောပါနဲ့

ငါဟာ မင်းရဲ့ချစ်တယ်ဆိုတဲ့ စကားလေးကို မကြားရရင်တောင်
မင်းရဲ့ ဘေးနားလေးမှာ အရိပ်ကလေး အဖြစ်နဲ့ ရှိနေပါစေ ကောင်လေးရယ်..........

No comments:

Post a Comment