Friday, January 8, 2010

အ သင့် လူ



နေ့နဲ့ညကို

မဝေခွဲနိုင်အောင်

တမ်းတခြင်းတွေနဲ့ငါကရူးသွပ်ခဲ့တာပါ


နှုတ်ခမ်းနှစ်စကို

မလိုအပ်ပဲခဏခဏ

ဆွဲဆန့်တတ်တဲ့မင်းအကျင့်တွေကြောင့်


ငါ အသက်ရှူကျပ်ဖူးတယ်


နားလည်ပေးနိုးနိုးနဲ့ငါမျှော်လင့်ခဲ့တာ

အချိန်တွေဘယ်လောက်တောင်လွင့်ကျန်ခဲ့ပြီလဲ


ငါရူးသွပ်ခဲ့တာ

နင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းရယ်ပါ


အတွေးတွေနဲ့

ဘာမဆိုဖြစ်နိုင်ပေမယ့်


လက်တွေ့အချစ်ကိုသုံးသပ်ကြည့်တော့

တစ်ကြိမ်တစ်ခါတောင်ငါ့အတွက်ပိုင်ဆိုင်ခွင့်မရှိခဲ့ဘူးလေ


“ မဖြစ်နိုင်ဘူး ” လို့

မင်းသတ်မှတ်ပေးခဲ့တဲ့အချိန်ကနေစလို့

ယိုင်နဲ့စွာအသက်ရှင်သန်ရင်း


ငါ့ရင်ထဲကို

ပြန်ငုံ့ကြည့်တော့

တစ်ဆတ်ဆတ်တုန်နေတဲ့အသည်းမှာ


မင်းပေးခဲ့တဲ့ဒဏ်ရာတွေလတ်ဆတ်နေတုန်း


မင်းအတွက်

ခမ်းခမ်းနားနားရည်စူးထားခဲ့တဲ့

ပေးဆပ်ခြင်းဆိုတဲ့ရသကိုတစ်ချိန်ချိန်မှာမင်းနားလည်ခဲ့မှာပါ


ငါ

ဘယ်မှ

မသွားပါဘူးချစ်သူ



မင်းနှလုံးသားရဲ့

တံခါးဝမှာရပ်နေဆဲပဲလေ

သတိရလို့မင်းတံခါးဖွင့်ကြည့်ရင်


ငါ


အ ဆင် သင့်


ရှိ နေ မယ်

No comments:

Post a Comment