Monday, January 11, 2010

ပန်ကြားလွှာ

မျှော်လင်.ခြင်းကမ်းစပ်မှာ
ငေးမောနေတုန်း
မင်းရဲ.အပြုံးတွေက
ပန်းနုရောင်လှိုင်းလုံးတွေလို
ငါ.အသည်းနှလုံးကို တ၀ုန်းဝုန်းနဲ.
ရိုက်ခတ်မြည်ဟီးပြီးလည်း မဆုံးခဲ.ပါဘူး
အိမ်မက်တွေထဲထိ
ချင်းနင်းဝင်ရောက်လာလို.
မနက်ခင်းလင်းရင်
ငါ.ရင်ဘတ်ကြီးက ဟင်းလင်းပြင်

ဒီလိုနဲ. မင်းရဲ.အရိပ်တွေကို
ကောက်သင်းကောက်စုဆောင်း
စိတ်ကူးတွေနဲ.ရက်လုပ်ထားတဲ.
တောင်းပလိုင်းထဲမှာတော.
မင်းရီသံတွေ အပြည်.အသိပ်နဲ.ပေါ.
ဒါပေမဲ.
ငါ.အချိန်တွေတော. ခြေထောက်ညောင်းခဲ.ပြီ

မညာပါနဲ.လေ
တစ်ခါတစ်ခါ နွဲ.လိုက်ရင်တောင်
အသဲယား ပူလောင်ဆူပွတ်
ငါမနေတတ်တော.ဘူးချစ်သူ
ရင်ခုန်သံ တပွေ.တပိုက်
မင်းဆီကိုကမ်းလိုက်တဲ.ခါ
မယူချင်ရင်နေပါ
မင်းနှလုံးသားကို
ဘယ်သူမှတော. ပေးမထားပါနဲ.
အရှုံးဇယားတွေနဲ.
မင်း မုန်းမသွားရင်တော်ပြီ

No comments:

Post a Comment