မနက်ခင်းတစ်ခုရဲ့အလှတရားကို
မသန့်စင်သေးတဲ့မျက်နှာနဲ့
အကျဉ်းတန်စေတာငါမဟုတ်ဘူး
တကယ်တော့
ညိုချင်တိုင်းညို..ငိုချင်တိုင်းငိုနေတဲ့
ငါ့အလွမ်းမိုးတွေရယ်
မင်းနတ္ခတ်ကအထီးကျန်လွန်းတယ်......
လူတစ်ယောက်ရဲ့ခြေလှမ်းတိုင်းမှာ
မာန်မာနအပြည့်နဲ့
နေမင်းကိုအန်တုလျှောက်လှမ်းဆဲ
တကယ်တော့
ကျောခိုင်းဖို့တောင်အင်အားမရှိလို့
ငေးချင်တိုင်းငေး..ဆွေးချင်တိုင်းဆွေးနေတဲ့
ငါ့သံသရာ ငါ့ကံကြမ္မာရယ်
မင်းဇာတာကနိမ့်ကျလွန်းတယ်......
စိတ်ကူးနဲ့မြို့ရိုးဖွဲ့
အိမ်မက်နဲ့နန်းတည်
လေ့ကျင့်သားမပြည့်ဝသေးတဲ့
ငါ့နှလုံးသားစစ်သည်တွေကြောင့်
မင်းဘ၀ကိုသိမ်းပိုက်ဖို့ရာခက်တယ်
တကယ်တော့
စစ်မရောက်ခင်မျှားကုန်တာငါမဟုတ်ဘူး
ချွန်ဖို့ကိုမေ့လာခဲ့တာ
ကစဥ့်ကလျားလွင့်ပါးနေတဲ့
ငါ့ဘ၀ကြီးရယ်
မင်းစိတ်ဓာတ်ကရွံစရာကောင်းလွန်းတယ်.......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment