ပြိုးပြိုးပြက်ပြက် လင်းလက်နေတဲ့
ကြယ်ပွင့်ကလေးတွေရယ်
ရွှန်းလဲ့ ငြိမ်းချမ်းပြီး အေးမြနေတဲ့
လရောင်ရယ်
ဒီလို အေးချမ်းတဲ့ ညနက်နက်မှာ
မ ချစ်တဲ့ ကောင်လေး တစ်ယောက်တော့
နှစ်ခြိုက်စွာ အိပ်မောကျနေမှာပါ။
အိပ်ပါ ချစ်သူ
ကောင်လေးကို သတိရတဲ့ စိတ်တွေနဲ့
မ အိပ်စက်ချိန်တွေ
ဘယ်လောက်ကုန်ကုန် နောင်တ မရခဲ့ပါဘူး။
ကောင်းကင်နဲ့ မြေကြီးတို့လို
မြင်နေရက်နဲ့ မဝေးရအောင်
ကောင်လေး နဲ့ မ ကြား ညီမျှခြင်းအတွက်
မ မာနနဲ့ ပေးဆပ်မှုတွေ
ဘယ်လောက်ပဲ ပုံအော ပေးခဲ့ပေမယ့်
ထိရှ အက်ကွဲလွယ်တဲ့
မ နှလုံးသားကို ရက်ရက်စက်စက်
ဒဏ်ရာတွေနှင့် ကောင်လေး ထားခဲ့တယ်လေ။
နွေအကြောင်းကို ကျောကော့အောင်လိပ်နေတဲ့
သစ်ရွက်လေးတွေသိကြသလို
ကောင်လေး အကြောင်းကိုလည်း
ဒဏ်ရာတွေ ထပ်နေတဲ့
မ နှလုံးသားက သိပါတယ်။
ကောင်လေး မလိုချင်တဲ့ အပြစ်များစွာကို
မ အတွက် ချန်ထားခဲ့ပါ
ဒီညမှာလည်း မျက်ရည်တွေနဲ့
မိုးလင်း အဖော်မဲ့လူ အဖြစ်နဲ့ပါ
ကောင်လေးရယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment