သံယောဇဉ်ဆိုတဲ့
ခပ်ပါးပါး ချည်နှောင်မှုမှာ
ရုန်းမထွက်ရက်စွာ
နှောင်ငင်တွယ်ငြိမိတဲ့
မြတ်နိုးချင်းတွေနဲ့ အတူ
ကျမ...........သူ့ကို ချစ်တယ်။
အငြိုးအတေးတွေ
ဝမ်းနည်းနာကျည်းမှုတွေကို
မေ့ဖျောက်ထားပြီး
ကျမ...........သူ့ကို ချစ်တယ်။
ကဲ့ရဲ့စကားတွေ
ဝေဖန်ပြစ်တင်သံတွေကို
မျက်ကွယ်ပြုလို့
ကျမ...........သူ့ကို ချစ်တယ်။
သူ့ဘက်က
စိမ်းကားရက်စက်စွာ
ထားခဲ့မယ်ဆိုလည်း
ကျမ..........သူ့ကို ချစ်နေဦးမယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment