Saturday, January 9, 2010

အချစ်ဦးသို

ခွဲခွာခြင်းကို ကြိုတင်သိခဲ့ပေမယ့်
မခံစားနိုင်ဘူးလေ။

အမုန်းခွန်အားတွေက
အချစ်နဲ့ထိုးစစ်မှာ
အမြဲတမ်းရှုံးနှိမ့်ခဲ့တယ်။

တမ်းတလွမ်းဆွတ်မှု
မျက်ရည်ဥတွေဟာ
မျက်ဝန်းမှာပါ။

ဝေချင်ပေမယ့် ကြွေတဲ့ပန်းတဲ့လား
ခြွေရက်သူကို အပြစ်မမြင်
အချစ်အခင်ပိုပေမယ့်
ဆိုင်သူကိုယ်စီရှိပြီးသားမို့
ဝေးဝေးကပဲလွမ်းနေတော့မယ်
ငယ်ချစ်ဦးရယ်.............။

No comments:

Post a Comment