ဖေဖေရေ ……
သတိရလိုက်တာလေ
တစ်စိမ်းတွေကြား
အမှားတစ်ခု အနေနဲ့
သမီး မျက်နှာငယ်နေချိန်
ဖေဖေပြောခဲ့တဲ့ စကား
အားတစ်ခုအဖြစ်နဲ့ သဘောထား
ရှေ့ခရီး ဆက်သွားနေလည်း
ဖေဖေသာလျှင် အကောင်းနိုင်ဆုံးမို့
သတိရတယ် ဖေဖေရယ်။
မေမေရေ …………
တမ်းတလိုက်တာလေ
တမင်းတစ်နပ် ဟင်းတစ်ခပ်မှာ
မျက်နှာသာ အပေးမခံရတဲ့
မေမေနဲ့ ဝေးတဲ့နေရာမှာ
ဒီက မြိုမကျတဲ့ ဟင်းခွက်တွေအစား
သမီးအတွက် ခမ်းနားနေတာ
မေမေ့လက်ရာ ငါးပိနဲ့တို့စရာသာမို့
တမ်းတတယ် မေမေရယ်။
ဖေဖေနဲ့ မေမေရေ
လွမ်းလိုက်တာလေ
ပင်ပန်းတယ် …………
ဆာလောင်တယ် ……….
အထီးကျန်တယ် ………….
မဆုံးနိုင်တဲ့ စိတ်ခံစားချက်တွေ
ဖိစီးနေလည်း…………………..
ချွဲနွဲ့ပြီး ရင်ထဲတိုးဝင်နေဖို့ ….. မေမေရယ် အနားမရှိ
ဆုံးမပြီး အားပေးစကားပြောပေးတဲ့ … ဖေဖေရယ် အနားမရှိ
ငွေမျက်နှာတစ်ခုတည်းကြည့်တဲ့ ဒီနေရာ
အိမ်ဆိုတာမရှိတဲ့ဒီနေရာမှာ
နွေးထွေးတဲ့ မေမေ့မျက်နှာ
အားပေးတဲ့ ဖေဖေအပြုံး
အိမ်နဲ့ ပတ်သက်သမျှ အရာအားလုံးကို
သမီး လွမ်းလိုက်တာလေ ……………………. ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment