ကမ္ဘာတစ်ခုမှာ ကောင်းကင် တစ်ခုဆို
ငါ့ ကမ္ဘာမှာ ပျောက်ကွယ်သွားတာ
ကြာခဲ့တဲ့ ကောင်းကင်
အဲဒါ မင်းပါ။
ဖွာရှိုက်ပြီးတဲ့နောက်
ပြာအဖြစ်နဲ့ရော အခိုးအငွေ့အဖြစ်နဲ့ပါ
သုံးမရတော့တဲ့ စီးကရက်တစ်လိပ်လို
ခုဆို ငါ ဒဏ်ရာတောင် မကျန်ဘူး။
ဒီလိုနဲ့ပဲ
ထပ်မဝေးဘူး သီချင်းကို
အခါခါဆိုရင်း
ငါတို့ ထပ်ထပ်ဝေးနေရတာ
တွေးလိုက်တိုင်း ရင်ကွဲချင်တယ်။
နှစ်တွေတောင် ချို့လာခဲ့ပြီ
မင်းကိုမို့ မမေ့နိုင်တဲ့ငါ
လွမ်းရင်း လွမ်းရင်း မထူးတဲ့နောက်
ရူးရုံပါပဲ ချစ်သူရယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment