မေ့နိုင်မှာပါလို့ ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ်အခါခါ အားပေးရင်း
မင်းကိုမသိစိတ်က တမ်းတနေမိတယ်..
မင်းနဲ့ပက်သက်လာရင်
အမှတ်တရမရှိဘူးရယ်လို့ သတ်မှတ်ခဲ့တဲ့ငါ
မင်းနဲ့အတူတူသွားခဲ့တဲ့ နေရာလေးတွေကို
အချိန်တိုင်းမြင်ယောင်နေမိတယ်
ချင်းစိမ်းနဲ့မိတ်သလင်
သူကြင်မှကိုယ်ကြင်လို့
စိတ်ထဲမှာအားတင်းထားခဲ့ပေမဲ့
အခုထိလွမ်းနေမိတာ ဘယ်သူသိနိုင်မှာလဲ
နားလည်မှုအလွဲတွေနဲ့
ငါတို့မနီးနိုင်တော့ပေမယ့်
ဘာရယ်မဟုတ်မင်းနှင့် ဖုန်းပြောခဲ့တဲ့
နေ့တွေကိုပြန်အမှတ်ရရင်း
ခုလည်းပဲတယ်လီဖုန်းသံလေးတွေကို
မျှော်နေမိတယ်..
ဘယ်လိုပဲဖြေဖျောက် နှစ်သိမ့်နေပါစေ..
အတွေးထဲက ရုန်းထွက်မသွားခဲ့တဲ့
မင်းပုံရိပ်တွေကို ရင်ခုန်သာယာရစ်မူးဆဲမို့..
မင်းကိုခဏတာမုန်းနေမိတဲ့
နှလုံးသားကိုဒဏ်ခတ်ရင်းနဲ့
ငါမင်းကိုဆက်ချစ်နေမယ်.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment