Saturday, January 9, 2010

ချစ်ခြင်းအပြစ်

ခဏတာ တွေ့ဆုံခွင့်ဟာ
တစ်ဘ၀တာအတွက်
ပြည့်စုံခဲ့ပါတယ်။
အချစ်ကိုခံစားမိပေမယ့်
မဖြစ်နိင်တဲ့ အခြေအနေမှာ
ရင်ထဲက ဆန္ဒတွေ မျိုသိပ်ရင်း
အသိတရား ထိန်းချုပ်မှုအောက်
မျက်ရည်စက်တို့နှင့်အတူ
မ နှလုံးသား ကျဆုံးခဲ့ရတယ်။
မင်း မသိပေမယ့်
ရင်ထဲမှာ မင်းရှိခဲ့တယ်။
မင်းအနားမှာ
မ မရှိနိင်ပေမယ့်
မ အတွေးထဲမှာ
မင်း ရှိနေမယ်။
ဒီလိုနဲ့ ထိန်းချုပ်လိုက်ရတဲ့
မ ဆန္ဒနဲ့ အတူ
မင်း ရဲ့ အမည်နာမကို
တိတ်တဆိတ် ရေရွတ်နေမယ်။
ဒါဟာ..........
ချစ်ခြင်းရဲ့ သက်သေတွေဆိုရင်
ကံကြမ္မာတရားသူကြီးရဲ့
မညှာမတာ အပြစ်ပေးမှုမှာ
မင်းကို ချစ်တဲ့ အပြစ်သာ ရှိကြောင်း
မ ချစ်သူ မင်း သိနိုင်ပါစေ။

No comments:

Post a Comment