Saturday, January 9, 2010

မာယာနှင့်ကျိန်စာ

လျှိုဝှက်ချက်တွေပြည်.နှက်နေတဲ.
မာယာကြိုးဝိုင်းထဲမှာ
နှလုံးသွေးတွေနဲ.
လှည်.ပတ်စီးဆင်းနေတဲ.
ငါဆိုတဲ.မြစ်တစ်စင်းဟာ
မင်းရဲ.ချစ်ခြင်းတွေကို
လိုက်လံဖမ်းဆီးဖို.
လေးညို.ကိုတင်
မြားကိုပြင်ပြီးခါမှ
ဗဟိုစက်ကွင်းက
ငါ.ရင်ဘတ်ဖြစ်မှန်းသိခဲ.ရတာပါ

ဝေးလံခေါင်သီတဲ.
ကန္တာရခရီးကြမ်းကို
ဖြတ်ကျော်လာခဲ.ရတဲ.
မောပန်းနွမ်းလျသူတစ်ယောက်ကို
စစ်အင်္ဂါအစုံအလင်ခင်းပြီး
စတေးကွပ်မျက်ဖို.မင်းစောင်.နေခဲ.တာလား?

မင်းကြောင်.တောက်လောင်ခဲ.ရတဲ.
ရင်ထဲက မီးညွှန်.မီးတောက်က
ငါ.နှလုံးသားကို ပြာချပစ်နိုင်ရင်တော.
အကောင်းသားပေါ.
မဟုတ်လို.ထပေါက်ကွဲရင်တော.
မင်းငိုရလိမ်.မယ် ။ ။

No comments:

Post a Comment