Saturday, January 9, 2010

အဆိုး ကံ ချစ်ရင် အချစ် ကံ ဆိုးမယ်…………..



အချစ်နဲ့ ပါတ်သက်ပြီး
အဆိုးကြုံတွေ့ရတယ် ဆိုတာ
အချစ်နဲ့ ပါတ်သက်တဲ့ အဆိုးကံတွေ
အတိတ်က ကျူးလွန်ခဲ့လိုပါ။
'အတိတ်' က ဆိုတဲ့နေရာမှာ
ရှေးယခင် ဘ၀တွေက
အတိတ်လည်းပါဝင်သလို
ရှေ့ပိုင်း အတိတ်တွေလည်း
ပါဝင်ပါတယ်။
အချစ်ကံခေစေတဲ့
အဓိက အကျဆုံး အဆိုးကံကတော့
အချစ်ရေးမှာ သစ္စာမရှိခြင်း
တစ်နည်းအားဖြင့်
အချစ်ရေးဖောက်ပြန်ခြင်းပါဘဲ။
ကိုယ့်ချစ်သူ…
ကိုယ့် အိမ်ထောင်ဘက် အပေါ်မှာ
သစ္စာမရှိဘဲ အခြားအယောက်များစွာနဲ့
ဖောက်ပြန်နေတာဟာ
အချစ်ကံခေစေတဲ့ အဆိုးကံကို
ထူထောင် နေတာပါ
အဲဒီ ကံ အကျိုးပေးတဲ့ ဘဝ
သေချာပေါက် အချစ်ကံခေမှာပါ ။

No comments:

Post a Comment