ကောင်လေးရေ............
နံရံပေါ်က ကုန်လွန် ဟောင်းနွမ်းခဲ့တဲ့
ရွက်ဆုတ်ပြက္ခဒိန်တွေ ပေါ်မှာ
မင်နီဝိုင်း ရက်စွဲတွေနှင့်
အလွမ်းတွေ ပွစာကြဲနေခဲ့တယ်။
အခုချိန်ထိပါပဲ
ကောင်လေးနဲ့ ပတ်သက်ခဲ့လေသမျှ
မ နှလုံးသားမှာ ဆေးမှင်ကြောင်တစ်ခုလို
စွဲထင်တည်ရှိနေဆဲလေ။
ဖြစ်နိင်ရင်
ကမ္ဘာမြေကို နောက်ပြန်လှည့်ခိုင်းပြီး
မ အတွက် မင်း မဟုတ်ရင်တောင်
မင်း အတွက် မ အဖြစ်
ကောင်လေးအနားမှာ အရိပ်တစ်ခုလို
ထာဝရ ရပ်တည်နိင်ခွင့်ကို တောင်းဆိုချင်ပါရဲ့။
ယုံပါကွယ်
တို့နှစ်ယောက် စည်းတစ်ဖက်ခြား
ဝေးလွင့်ခဲ့ပေမယ့်
နှလုံးသားရဲ့ အနက်ရှိုင်းဆုံး
အောက်ခြေတနေရာမှာ
ကောင်လေးရယ်
မင်း အမြဲရှိနေမှာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment