ရွှေရောင် တွေ ခြုံလွှမ်း
တမ်းတ မိတဲ့ အနာဂတ်
အသက်နဲ့ တောင် စတေးရဲခဲ့ပါတယ်
အလှပ ဆုံး အပြုံး တစ်ပွင့်
လှစ်ခနဲ့ မြင် လိုက်မိစဉ်က
နှလုံးသားရဲ့ အရှင်…
သူသာလျင် ဘ၀ သခင် ဖြစ်သင့်တယ်လို့
အကြင်နာ တွေ ပုံအော ခဲ့မိတယ်
သြော်….အခုတော့
အလွမ်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အတုန်းအရုန်း ကျဆုံး နေပါပြီ
လှောင်ရယ်သံတွေနဲ့
မင်း ရဲ့ခြေဖ၀ါအောက်မှာ..
ကြေမွသွားတဲ့ ငါ့ အသည်းနှလုံးတစ်စုံ
မြင်နိုင်မယ်ဆိုရင်….
မင်း အမုန်းတွေနောက်
အချစ်တွေ ….ရောက်ခဲ့မယ်ဆိုရင်လေ……
Subscribe to:
Post Comments (Atom)
No comments:
Post a Comment