Saturday, January 9, 2010

ရင်ရှိုက်သံ

လွမ်းလွန်းတယ် ချစ်သူရယ်
အမှတ်တမဲ့တွေ ကြုံတိုင်း
အမှတ်တယတွေ သတိရမိတတ်တာ
မ ရဲ့ ဗီဇ တစ်ခုလို ဖြစ်နေပြီ။
မ ရင်ထဲမှာ စွဲထင်နေတဲ့
ချစ်သူ ရုပ်သွင်လေး
မ နှလုံးသားထဲမှာ
ရေးထွင်းထားတဲ့
ချစ်သူနာမည်လေး
မ သိပ်စွဲလန်းရတဲ့
ချစ်သူ ကိုယ်သင်းနံ့လေး
မ သိပ်မြတ်နိုးရတဲ့
ချစ်သူ ရယ်မောသံချိုလေးတွ
ဒါတွေကို
မ ဘယ်လို မေ့ဖျောက်ပစ်ရပါ့။
ဟန်ဆောင်ကောင်းတဲ့
မ တို့နှစ်ယောက်ကြား
မာနတံတိုင်းကလဲ ခြားနေတာမို့
ခံစားနေရတဲ့ မ ရင်ထဲက ဝေဒနာ
ချစ်သူ မသိအောင်ဘဲ
ဝှက်ထားလိုက်တော့မယ်။
မ ရဲ့ ရင်ရှိုက်သံတွေအဖြစ်နဲ့ပေါ့။

No comments:

Post a Comment