Friday, January 8, 2010

မင်းတို့ချစ်ခြင်းအပြစ်ကင်းလို့

ချစ်သူရေသာမယ်ထင်ရင် သွားလိုက်ပါ
နာမယ်ထင်ရင်ထားခဲ့ပါ
ကိုယ့်ရဲ့ဘဇဝကိုပုံအပ်
အနာဂတ်ကိုအပိုင်စားစေဖို့
မင်းစိတ်ကြိုက်စီရင်ခဲ့ပေမဲ့လည်း
ကိုယ့်ရဲ့အချစ်
ကိုယ့်ရဲ့မေတ္တာ
ကိုယ့်ရဲ့အကြင်နာတွေကြားမှာ
အနေခက်ခါ မကျေနပ်ရင်ဖြင့်
မင်းရွှေးမဲ့ ကိုယ်မဟုတ်တဲ့တစ်ခြားရင်ခွင်ဆီ
အသာယာလျှောက်လှမ်း ခိုးနားမယ်လို့
ဆုံးဖြတ်ခဲ့ရင်လည်း
ဆုတောင်းကာပေးလိုက်ချင်ရဲ့
မင်းတို့ချစ်ခြင်းအပြစ်ကင်းလို့
ကိုယ့်ထက်သာသူဖြစ်ပါစေ.......

No comments:

Post a Comment