Monday, January 4, 2010

အရမ်းချစ်တယ် ကောင်ကလေး

တကယ်ချစ်တယ်ဆိုတာကိုနင်သိအောင်
ငါဘယ်လိုလျှောက်လဲချက်တွေပေးရဦးမှာလဲ.....
အချစ်ကိုသံသယများတဲ့နင့်ကို
ချစ်မိတဲ့ငါ့အချစ်ကရော
နင့်အတွက်သံသယတစ်ခုပဲလားးး

ငယ်ရွယ်သေးတဲ့နင့်အတွက်
အချစ်ကိုလေးလေးနက်နက်ခံစားတတ်ဖို့
အချိန်အတိုင်းအတာလိုသေးတယ်ဆိုတာ
သိပါတယ်....

တစ်ခါတစ်လေနင်အလိုမကျလို့
ဂျစ်ကန်ကန်ဆိုးတတ်တဲ့နင်
စိတ်ဆိုးရင်နှုတ်ခမ်းပါးလေးဆူနေတတ်တဲ့နင်
အရာရာကိုအကောင်းမြင်ပြီးသည်းခံတတ်တဲ့နင်
အပြစ်ကင်းစင်ပြီးဖြူစင်လွန်းတဲ့နင့်မျက်နှာလေး.........

ချစ်သူရှိတယ်လို့ပြောတဲ့နင့်ကို
ဘာပဲဖြစ်ဖြစ်သိပ်ချစ်တယ်
တစ်နေ့နင်ငါ့အချစ်တွေကို
နားလည်လာမှာပါ...........

No comments:

Post a Comment