ဒို့နှစ်ယောက်ကြင်နာတုန်းက
ရင်ထဲမှာလဲအပြုံးလေးများနဲ့
မုန်းတဲ့စကားဆိုမကြားချင်
အချစ်ဆိုတဲ့ဆရာကြီးက
နှလုံးသားသင်ခန်းစာတွေ
သင်ကြားပေးခဲ့တယ်လေ
ပျော်လို့မဆုံးပြုံးနေချိန်မှာ
မုန်းတဲ့ပုစ္ဆာလမ်းခွဲစာတွေ
သူ့နှလုံးသားကမေးထားခဲ့တယ်
မချစ်နိုင်ရင်နေပါမမုန်းပါနဲ့
အဖြေမသိဖြေစရာမရှိလို့ပါ
လမ်းခွဲရင်ခွဲပါစွဲလမ်းမှု့ကိုမတားပါနဲ့
မင်းပျော်မယ်ဆိုရင်အလွမ်းတွေနဲ့လည်းကျေနပ်နေသူပါ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment