Saturday, January 9, 2010

အလွမ်းမြို့ဟောင်း

သူလေးရယ်...
နင်မရှိတော့ ရင်ဘတ်ထဲကမြို့လေးဟာ
သခင်ကင်းမဲ့တဲ့
ကန္တာရလိုခြောက်သွေ့လွန်းတယ်။

တစ်ခါတုန်းကတော့
(ဒီ)မြို့လေးမှာ ချိုမြိန်တဲ့ချစ်ခြင်း
လှပတဲ့ပုံပြင်တပုဒ်နှင့်
အိုအေစစ်လေးတွေပိုင်ဆိုင်ခဲ့မှာပါ။

ပြန်ပါလို့ မနှင်ရက်သလို
လက်ကမ်းလို့လည်းမကြိုခဲ့တဲ့
ရင်ခွင်ဟောင်းမှာ
နင်ပျော်သလောက်နေလည်း
ငါ ကျေနပ်ပါတယ်။

သူလေးရယ်...
နင်မရှိလည်း အားမငယ်တတ်ပေမယ့်
စာနာတတ်သူတယောက်သာလျှင်
မြို့ဟောင်းလေးရဲ့ရှိုကသံတွေ
နင်ကြားမိပါစေ။

No comments:

Post a Comment