Tuesday, January 12, 2010

အဖြည့်ခံ

ဒီကနေ့ညနေခင်းက
တိတ်ဆိတ်ခြင်းတွေပျော်မြူးနေတော့
ငါ့ရင်ခုန်သံတွေကတောင်
ဆည်းဆာကိုဟားတိုက်နေသလို
လေပြေညှင်းတွေကိုလှောင်ရယ်နေသလို
ငါ့စာမျက်နှာကိုသွားကြည့်တော့ ကောင်မလေးကိုမချစ်ပါနဲ့တဲ့....


ဆုံးရှုံးမှုတွေကိုလက်ချိုးရေရင်း
ပေးဆပ်မှုတွေကိုရေးချမိတယ်။
သည်းသည်းမဲမဲရွာလိုရွာ
ဖွဲ..ဖွဲ ဖွဲ..ဖွဲကျလိုကျ
ငါ့ရဲ့ပေးဆပ်မှုတွေကမ်းလွန်
ဘယ်သမုဒ္ဒရာငါ့လောက်ကြီးလဲ
နှိုင်းရဲတယ်........


ချစ်သူမရှိလို့ အထီးကျန်နေတာလည်း မဟုတ်ဘူး..
ဝေးနေရလို့ စိတ်ပျက်နေတာလည်း မဟုတ်ဘူး...
မချစ်တတ်လို့ အချစ်ငတ်နေတာလည်း မဟုတ်ဘူး..
ဘာမှမဟုတ်ဘူး...
ငါ့ကိုအနမ်းလှလှတွေပေးပြီး
သူများကိုလွမ်းပြနေလို့
ရင်နာနေတာ.....


ရတယ်..နေလိုက်မယ်..
ချစ်သူ...ရင်နာရင်ပြော...
အကြင်နာဝတ်ရုံလွှမ်းပေးမယ်
စိတ်ညစ်ရင်ပြော...သိပ်ချစ်ပြမယ်
အလွမ်းပြေဖို့...လမ်းတွေလိုက်လျှောက်ပေးမယ်
အကုန်ပြောကွာ...ပုံအောပြီးချစ်ထားတယ်


တကယ်တော့....
မင်းဘ၀ကိုလက်တွဲဖို့မပြောနဲ့
မင်းဘ၀ကိုလာလည်ဖို့မပြောနဲ့
မင်းဘ၀မှာခဏနားခိုဖို့မပြောနဲ့
လမ်းကြုံတောင်ငါလိုက်ခွင့်မရှိခဲ့ဘူး...

No comments:

Post a Comment