Saturday, January 9, 2010

အချစ်ရဲ့ နိဂုံး

အချစ်ဆိုတာ
တစ်ခါတစ်ခါ
ရေရေရာရာ
သေသေချာချာနှင့်
မျှော်လင့်ခြင်းဆိုတဲ့
အိပ်မက်တွေနှင့်
အဆုံးသတ်တယ်။

တစ်ခါတစ်ခါမှာတော့
ကြေကွဲခြင်းတွေ
ဝင်ရောက်မွှေနှောက်လို့
ဝေဒနာဆိုတဲ့ အရာဟာ
ရင်ထဲမှာတော့
ဟာတာတာနှင့်ပေါ့။

ဒီလိုနဲ့ နှစ်တွေကများ
ကာလတွေကခြားတော့
ရင့်ကျက်ခြင်းဆိုတဲ့
အသိတရားတွေနဲ့
အချစ်ဆိုတဲ့ အရာကို
ကြံ့ကြံ့ခံနိုင်တဲ့ အချိန်မှာ
ရင်ခုန်ခြင်းတွေ ပျောက်ဆုံး
အိပ်မက်တွေ ပျက်သုန်းလို့
အချစ်ဆိုတာ တကယ်တော့
အမှတ်တယ ရင်ထဲက အနာ။

No comments:

Post a Comment