Thursday, December 3, 2009

ေ န ာ က် ဆုံး ဖြ စ် ပါ ေ စ ေ တ ာ့ . . . . .

ခ်စ္သူ...
နှစ်ယောက်အကြား
ဟန့်တားသမျှအရာအားလုံးကို
ချစ်သူအားကိုးနဲ့

ရင်ဆိုင်ကျော်လွှားပြီး
တစ်နေ့နေ့...တစ်ချိန်ချိန်ဆိုတဲ့
အနာဂတ်ဆီကို

ဖြတ်သန်းမျှော်မှန်းဖို့ရာ

အင်အားတွေမွေးခဲ့သူပါ....။

ဘယ်အခက်အခဲ
ဘယ်အကျပ်အတည်းကို
ဘယ်လို
တွေ့တွေ့ကြုံကြုံ

ချစ်သူရှိနေတယ်...ဆိုတဲ့
ယုံကြည်မှုတစ်ခုတည်းနဲ့
အားခဲအားတင်းခဲ့သူပါ...ချစ်သူ...။


ယောင်္ကျားတစ်ယောက်ကို
အားကိုးတာမျိုးမဟုတ်ပါဘူးချစ်သူရယ်
ချစ်သူရှိနေတယ်...ဆိုတဲ့
အသိတစ်ခုနှင့်ယုံကြည်စိတ်ကိုသာစွမ်းအားအဖြစ်
ဖွဲ့တည်သတ်မှတ်ထားခဲ့တာပါ...။

လေးစားမြတ်နိုးတန်ဖိုးထားအပ်တဲ့

ချစ်သူဆိုတာ
ဘ၀ရဲ့အလင်းရောင်ပါ......။

ချစ်သူမရှိတဲ့...

ကျွန်မဘ၀..အနာဂတ်
ညများစွာမှာ
ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ
ချစ်သူ...........။

“ကံစီမံရာ”
ဆိုရင်လည်း

အဲ့ဒီကံဆိုးမိုးမှောင်တွေက
ချစ်သူနှင့်ကျွန်မတို့ရဲ့
နှစ်ယောက်အကြားမှာမှဖောက်ပြားကွေ့ဝင်ပြီး

သီးခြားသက်သက်
ရက်စက်လိုက်တာများလား
ချစ်သူရယ်

ကိုယ်ပြုခဲ့တဲ့ကံတွေသာ
ကိုယ့်ဆီကို
ပြန်လာတာပါဆိုရင်လည်း....


မသိခင်ကာလတွေက
ကံအမှောက်အမှားတွေအတွက်
သတိဝင်တဲ့အချိန်
သိမှီတဲ့အချိန်ဆိုတာ

ရှိနိုင်သေးတာမို့
ပြုပြင်..ဆင်ခြင်..သက်သာခွင့်ကို
သက်သက်ညှာညှာစီမံဖို့
ကျွန်မ...

ဘယ်သူ့ဆီမှာအယူခံဝင်ရမလဲ
ချစ်သူ.....။

ကံကိုမမြင်နိုင်တဲ့
ပုထုဇဉ်မို့
ကံငြိုငြင်မယ်ဆိုရင်လည်း

ကျွန်မတစ်ယောက်တည်း
ခံရဲပါတယ်.....။

ချစ်သူရယ်...
မီးပြင်းတဲ့..သံပူပြားပေါ်

ရေစက်ရေပြောက်တွေ
ဆူပွက်ခြောက်ခန်းရသလိုပါပဲ

ပြင်းပြင်းထန်ထန်ပူလောင်နေရတဲ့
နှလုံးသားထက်မှာ
ဘယ်လိုတရားနဲ့ဖြေဖြေ

ဝေဒနာအဆူအပွက်က
ပူသည်ထက်ပူ...
ပွက်သည်ထက်...ပွက်တော့မှာမို့


ဟော့ဒီတစ်သက်မျက်ရည်စက်တွေနဲ့သာ
ရှင်သန်ကျန်ရစ်ခဲ့ရမှာပါ
ချစ်သူရယ်.....။

သံသရာမှာကြင်လည်သမျှ
ထားခဲ့တဲ့
သံသယစကားတွေ

ဒီဘ၀မှာ
နောက်ဆုံးဖြစ်ပါစေ
နောက် ...
...ဆုံး
ဖြစ်...
...ပါ
စေ...
...တော့
နော်......... ။

No comments:

Post a Comment