Thursday, December 3, 2009

ထွေရာလေးပါး...စိတ်ကူးများ........

ကို.........

သူချော့သိပ်သွားခဲ့ပေမယ့်အိပ်မရဘူး..
ကတိမဖျက်ဘူး..မချက်ဘူး...
အိပ်ယာနိုးမှာစောင့်မယ်..ပြန်လာတာကိုစောင့်မယ်...
ရှက်နေတာကိုကြည့်မယ်..ရီနေတာကိုချစ်မယ်...
ဝေးရမှာကိုလဲစိုးတယ်..လွမ်းရမှာကိုလဲကြောက်တယ်..
အတားအဆီးတွေမရှိဘူး..အနားမညီတာတွေမရှိဘူး...
သူဟင်းချက်နေတယ်..ကျနော်ရှုပ်မယ်...
သူလမ်းလျှောက်ပြန်တယ်.....သူခါးကိုဖက်ပြီးကျနော်လိုက်မယ်..
သူအလုပ်သွားနေတယ်..ကျနော်မျှော်နေတယ်...
နေမကောင်းဘူး..ချစ်သူပြန်လာရင်ကောင်းသွားမယ်..
သူအွန်လိုင်းထိုင်နေတယ်..ကျနော်သ၀န်တိုနေတယ်..
သူရီနေတယ်..ကျနော်ချစ်နေတယ်..
သူနမ်းတယ်..ကျနော်ရင်တွေခုန်နေတယ်..
သူသီချင်းဆိုပြတယ်..ကျနော်.မြတ်နိုးစွာကြည့်နေတယ်...
...ဘာမှမသိဘူးပြောတဲ့သူ..ခုတော့သိပြီသူပြောတယ်..
မှန်မှန်မှားမှား..အော်ငေါက်နေလဲ..
ကျနော့်ရင်ထဲမှာသိပ်ချစ်တယ်..
ကော်ဖီသောက်မယ်..သကြားမလိုဘူးကွယ်...
ချစ်သူအလိုကျ..သောက်တတ်တယ်..
ခရုကိုဖြတ်မလား.ကို့ကိုဖြတ်မလား...
ခရုကိုပဲဖြတ်ခဲ့တယ်.......
ချောကလက်မကြိုက်ဘူး..သူပြောတယ်..
ရှိတဲ့ဟာတွေ..ပစ်လိုက်တယ်..
ဈေးဝယ်တော့လဲ..သူလိုက်တယ်..
ကိုလိုသမျှ..သူရွေးတယ်..

ဘာပဲပြောပြော..ဘာပဲဘယ်သူပဲချစ်ချစ်..
မင်းကိုငါတော့သိပ်ချစ်တယ်..(မိုးလောက်ကြီး.......း)

အဲ..အဲ...အိပ်တော့မယ်..အိပ်တော့မယ်.. ၆ နာရီဆိုနှိုးလိမ့်မယ်..မအိပ်ရင်သူစိတ်ဆိုးလိမ့်မယ်..
ထွေရာလေးပါးတွေကိုဖတ်ပေးတဲ့သူငယ်ချင်းများကို..ကျေးဇူးတင်ပါတယ်..

No comments:

Post a Comment