Thursday, December 3, 2009

friends

တားထားတဲ့စည်းတစ်ခုရဲ့

ဝိရောဓိကိုသိတယ်

အဖြူရောင်ရဲ့ရှင်သန်ခြင်း

တန်ဖိုးကိုသိတယ်


ပညတ်ထားတဲ့ ပန်းသီးတစ်လုံးဆိုတာ

ထင်ယောင်ထင်မှားမဟုတ်တဲ့

အတွေးအခေါ်နဲ့

ကောင်းမြတ်ခြင်းတစ်ခုလည်းရှိတယ်

စုန်ရေဆန်ရေစကားလုံးရဲ့

လေးနက်တဲ့အတိမ်အနက်ကိုနားလည်ထားတယ်


သံယောဇဉ်ဆိုတာ

စေတနာစိတ်တစ်ခုပါ

ရစ်တွယ်တဲ့သဘောပေမယ့်

အမြစ်တွယ်တဲ့အချစ်မဟုတ်တာ

တစ်ယောက်လိုအပ်တဲ့အချိန်မှာတစ်ယောက်က

အာလာဒင်မီးခွက်လို အသင့်ရှိနေရင်ပဲ

သူငယ်ချင်း ဆိုတဲ့

စကားလုံးတစ်ခုအောက်မှာ

ပြီး ပြည့် စုံ ပါ ပြီ ။ ။ ။ ။

( ချစ်ခင်တဲ့သူငယ်ချင်းတွေအတွက်ပါ )

No comments:

Post a Comment