ချစ်သူ့ ခြေရာ
လိုက်လို့ရှာသော်
မြေမှာမတွေ့
ရေမှာမတွေ့
လေမှာမတွေ့
ငါ့နှလုံးသားမှာ တွေ့ခဲ့ပြီ....
ချစ်သူ့ အနမ်း
လိုက်လို့ရှာသော်
ဘယ်မှာမတွေ့
ပန်းမှာမတွေ့
ငါ့ပါးပြင်မှာ တွေ့ခဲ့ပြီ.....
ချစ်သူ့ ၀ိညာဉ်
လိုက်လို့ရှာသော်
ဘယ်မှာမပုန်း
ပါမတွေ့ဘဲ
ငါ့ခန္ဓာနောက်မှာ
အရိပ်လိုကပ်လျက်
ငါ့ဘ၀ရဲ့
အနာဂတ်အဖြစ် တွေ့ခဲ့ပြီ...
ချစ်သူ့ အချစ်
လိုက်လို့ရှာသော်
ငါ့မှာမရှိ
အခြားမှာ ရှိ၏...
ငါ့ရဲ့ ရင်ခွင်
လှမ်းကာကြည့်တော့
သူရဲ့ ခြေရာ
သူ့ရဲ့ အနမ်း
သူရဲ့ ၀ိညာဉ်
အရာရာကို
ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါသော်လည်း
သူ့ရဲ့အချစ်
နှလုံးသားကို
ငါမရလိုက်တာ သေချာပါသည်....
အဘယ်ကြောင့်ဆိုသော်
ငါ့အချစ်က
အိပ်မက်ထဲက လန့်နိုးခဲ့တဲ့
ဝိုးတ၀ါး ပုံရိပ်
တစ်ဖတ်သတ် အချစ်
ဖြစ်ခဲ့လေပြီ...
ငါ့မှာ အနာဂတ်မရှိလေတော့
သူ့ရဲ့ ၀ိညာဉ်
ငါ့နှလုံးသားမှာ
သေဆုံးလေပြီ.......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment