Sunday, December 6, 2009

သွေးမယ့် ဒဏ်ရာ

နာကျင်နေတဲ့ ဒဏ်ရာပေါ်

ခံစားချက်မယ့်တဲ့ စကားလုံးတွေနဲ့

အရက်ပြန်ပမာ ဖိသိပ်လိုက်စဉ်....

ငါ့နှလုံးသားရဲ့ ကြမ်းပြင်ထက်

သွေးစိမ်းရှင်ရှင် ယိုစိမ့်မလာဘဲ

ဒဏ်ရာတွေသာ ထပ်ခါထပ်ခါရလာခဲ့ပေါ့....

ဒဏ်ရာဆိုတာ နာကျင်မှုရဲ့ သင်္ကေတဆိုရင်

ငါ့နှလုံးသားမှာ ဒဏ်ရာတွေသာနေရာယူထားတော့....

ငါဟာ နာကျင်မှုတွေကို အဖော်ပြုနေရသူပေါ့.....

အရာရာကို အကောင်းဆုံးဖြစ်အောင်

ငါ့ဘာသာကြိုးစားရင်း....

လူတွေကို နားလည်တတ်အောင်

လေ့လာသင်ယူနေရင်းနဲ့

ဒဏ်ရာတွေကို ရရှိခဲ့ပေါ့....

ရက်စက်တယ်ဆိုတာ

ပြုလုပ်သူအတွက် ဝေါဟာရလား

ဒါမှမဟုတ်

အပြုခံရသူအတွက် အသုံးအနှုန်းလား....

ဘာသာပြန်ဖို့ခက်ခဲရင်း

ငါ့နှလုံးသားနာကျင်ခဲ့ပေါ့....

မိသားစုနဲ့ပတ်သက်လို့

နာကျင်ခဲ့တဲ့ ငါ့ရင်ခွင်....

သူငယ်ချင်းနဲ့ပတ်သက်လို့

ပေးဆပ်ခဲ့တဲ့ ငါ့ခံစားချက်....

ချစ်သူနဲ့ ပတ်သက်လို့

ပြန်မရတော့တဲ့ ငါ့နှလုံးသား.....

အားလုံး အားလုံးဟာ

ဒဏ်ရာတွေပြည့်သိပ်လို့

နာကျင်နေတဲ့ရင်ခွင်မှာ

နေရာအပြည့်ယူရင်းနဲ့....

ငါ့ဘ၀ရဲ့လမ်းတွေကို

ငါကိုယ်တိုင်ဖောက်ရင်း...

ငါ့နှလုံးသားရဲ့ နာကျင်မှုတွေကို

ဟန်ဆောင်မှုတွေနဲ့ ဖြေဖျောက်ရင်း....

ဘ၀ကို နေတတ်အောင်ကြိုးစားခဲ့တာ

ကြာလှပေါ့....

ဒဏ်ရာအပြည့်နဲ့ ငါ့နှလုံးသားဟာ

အခုဆိုရင်

ခံစားချက်မယ့်တဲ့ ရင်ခွင်တစ်စုံ ဖြစ်နေခဲ့ပေါ့....

ဒဏ်ရာတိုင်းမှာ သွေးစက်တွေရှိတတ်ပေမယ့်

ငါ့နှလုံးသားက ဒဏ်ရာကတော့

သွေးမယ့်ဒဏ်ရာတွေနဲ့ ပေါ့........


ဒဏ်ရာဆိုတာ လူတိုင်းကိုယ်ဆီရခဲ့ဖူးမှာပါ....

No comments:

Post a Comment