ချစ်သူရေ
မင်းရဲ့ မျက်နက်ဝန်းတစ်စုံက
ငါ့နှလုံးသားကို
ထိုးဖောက်ကြည့်နေလေရဲ့.....
ချစ်သူရေ
မင်းရဲ့ အပြုံးတစ်ပွင့်က
ငါ့ရင်ကို
လှုပ်ခတ်စေလေရဲ့.......
ချစ်သူရေ
မင်းရဲ့အပြုအမူတွေက
ငါ့ဘ၀ကို
လွှမ်းမိုးထားလေရဲ့......
ချစ်သူရေ
ငါ့ကိုသနားရင်
မင်းရဲ့မျက်နက်ဝန်းနဲ့
မကြည့်ပါနဲ့လားကွယ်.....
ငါ့နှလုံးသားမှာ
မင်းကိုချစ်တဲ့ အချစ်တွေ
သိမ်းဆည်းလို့မရအောင်
မင်းတွေ့လေပြီ.....
ချစ်သူရေ
ငါ့ကို သနားရင်
မင်းရဲ့အပြုံးပန်းတွေ
ထပ်ကာထပ်ကာ မပေးပါနဲ့လားကွယ်.....
ငါ့ရဲ့ ရင်ခုန်သံမြန်လွန်းလို့
အသက်ရှုဖို့တောင်မေ့ခဲ့ပေါ့......
ချစ်သူရေ
ငါ့ကိုသနားရင်
မင်းရဲ့ အပြုအမူတွေနဲ့
ငါ့ရဲ့ဘ၀ကို မလွှမ်းမိုးပါနဲ့တော့.....
မင်းကိုငါ ချစ်ရတာမောလှပါပြီ.....
ခရီးလမ်းလည်းကြမ်းခဲ့ပေါ့....
တစ်ခါတစ်ရံမှာ
မင်းဆီက အကြင်နာစကားကြားချင်လှပေါ့.....
ချစ်သူရေ
ငါ့ကို သနားရင်
“ချစ်တယ်” လို့
ယောင်ပြီးတော့များ
ပြောပါလားကွယ်.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment